၁၉၉၆ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း(စစ်ကိုင်း)ကို သမဝါယမကောလိပ်အဖြစ် မြှင့်တင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး စီးပွာရေး ပထဝီဝင်ဌာနအဖြစ်ထားရှိကာ စီးပွားရေးပထဝီဝင်ဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အား မူလအင်အား ပြောင်းလဲမှု မရှိဘဲ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အဖြစ် အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ ပါသည်။