အင်္ဂလိပ်စာဌာနသည် (၁၉၉၆) ခုနှစ်၊ သမဝါယမကောလိပ်(စစ်ကိုင်း)အဖြစ် တည်ထောင်ခဲ့စဉ်က အင်္ဂလိပ်စာ နှင့် မြန်မာစာ ပူးပေါင်းပြီး ဘာသာစကားဌာန အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၂) ခုနှစ်၊ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် အဆင့်မြှင့်တင်ရာတွင် အင်္ဂလိပ်စာဌာန အဖြစ်သီးခြား ဖွဲ့စည်းပုံ ရှိခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ အင်္ဂလိပ်စာဌာနသည် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင် ရေးစီမံခန့်ခွဲမှုပညာ နှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုကျောင်းသား/ကျောင်းသူများကို စီးပွားရေး လုပ်ငန်း သုံး အင်္ဂလိပ်စာဘာသာရပ်အား အထောက်အကူပြု ဘာသာရပ်အဖြစ် သင်ကြားပို့ချလျှက်ရှိပါသည်။