၁၉၉၆ ခုနှစ်၊ စစ်ကိုင်း သမဝါယမဒေသကောလိပ် စတင်တည်ထောင်စဉ် ကတည်းက ဘောဂဗေဒဌာနကို ဖွဲ့စည်းထားရှိခဲ့ပါသည်။ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် အဓိက မေဂျာဌာနတစ်ခုလည်း ဖြစ်ပါသည်။ ဘောဂဗေဒဌာနသည် သုတေသနဆောင်ရွက်ချက်များကို အားပေးခြင်းနှင့် လူမှုစီးပွားရေးနယ်ပယ်တွင် အရည် အသွေးပြည့်ဝသော လူစွမ်းအားအရင်းအမြစ်များကို အောင်မြင်စွာ မွေးထုတ်ပေးနေသော ပညာရေးအစီအစဉ်များ နှင့် သုတေသနများပြုလုပ်ရာ ဌာနတစ်ခု ဖြစ်ပါသည်။ဘောဂဗေဒ ဌာနသည် B.BSc (Regional Development) စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ) နှင့် Master of Regional Development (ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာမဟာ ဘွဲ့)ရရှိသူများကို မွေးထုတ်ပေးပါသည်။ ဘွဲ့ရ ကျောင်းသား/ကျောင်းသူ များအနေဖြင့် ဒေသဆိုင်ရာဖွံ့ဖြိုးမှု နယ်ပယ် နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်သော အခွင့်အလမ်းများကို ရရှိ စေရန် ဘောဂဗေဒဌာနရှိ ဆရာ/ဆရာမများသည် နိုင်ငံတကာကုန်သွယ်မှု၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာများ၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပရိုဂျက်စီစစ်ခြင်း စသော ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။
စီးပွားရေးပညာရပ်တွင် အလားအလာရှိပြီး ကျွမ်းကျင်ထက်မြက်သော ကျောင်းသူ၊ ကေျာင်းသားများကို ပြုစုပျိုးထောင်ရန်၊ စီးပွားရေးသီအိုရီနှင့် လက်တွေ့စီးပွားရေး အခြေ အနေများကို ဆန်းစစ်ဝေဖန်မှုဖွံ့ဖြိုးလာစေရန်နှင့် စီးပွားရေးဘာသာရပ်ဆိုင်ရာ သုတေသန အရည်အသွေးများကို ဖော်ထုတ်ရန် ဖြစ်ပါသည်။
စီးပွားရေးပညာတွင် အရည်အသွေးပြည့်ဝသော သင်ကြားမှုနှင့် သုတေသနပြုနိုင် သော အဓိကဌာနတစ်ခုအဖြစ် ထူထောင်ရန် ဖြစ်ပါသည်။
စီးပွားရေးသီအိုရီများကို လက်တွေ့အခြေအနေနှင့် ဆက်စပ်နိုင်၍ ကိုယ်ပိုင်တွေးခေါ် စဉ်းစားနိုင်သည့် ကျောင်းသား/ကျောင်းသူများကို လေ့ကျင့်ပျိုးထောင်ပေးရန် ဖြစ်ပါသည်။