စစ်ကိုင်းမြို့ သမဝါယမသင်တန်းကျောင်းကို ၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် သမဝါယမကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမဝါယမတက္ကသိုလ် အဆင့်သို့ တိုးမြှင့်ခဲသည်။
သမဝါယမတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ပညာသင်ကြားရေးကို စတင်ခဲ့ပြီး စီးပွားရေးသိပ္ပံဘွဲ့ B.BSc ကို ပေးအပ် ချီးမြှင့်နိုင်ခဲ့ပါသည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ အောက်ပါမေဂျာဘွဲ့ (၅)မျိုးကို ပေးအပ် ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ၎င်းမေဂျာ (၅)မျိုးနှင့် သက်ဆိုင်သည့် ဘွဲ့အသီးသီး အား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ပါသည်
အထက်ပါမေဂျာဘွဲ့ရများအနက်နောက်ဆုံးနှစ်သင်တန်းတွင်အရည်အချင်းပြည့်မီသူများအားအောက်ပါဘွဲ့လွန်ဒီပလိုမာနှင့်မဟာဘွဲ့များအားဆက်လက်သင်ကြားပေးလျက်ရှိပါသည်။