သမဝါယမပညာဌာနသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ ဘွဲ့ဒီဂရီများ အပ်နှင်းနေသည့် မေဂျာဌာနကြီး (၅)ဌာနအနက် တစ်ဌာနဖြစ်ပါသည်။ သမဝါယမ ပညာဌာနသည် လူ့အဖွဲ့အစည်းမှ လိုအပ်သော လူငယ်စွန့်ဉီးတီထွင်သူများနှင့် ပညာရေး စွမ်းဆောင်ရှင်များ မွေးထုတ်ပေးလျက်ရှိပါသည်။ သမဝါယမပညာဌာနသည် လူမှုစွန့်ဉီး တီထွင်မှု၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု၊ လူမှုရေးသိပ္ပံနှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု၊ မဟာဗျူဟာမြောက် စီမံခန့်ခွဲမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာနည်းလမ်းများစသည့် လူမှုစီးပွားရေး ဆိုင်ရာ ပညာရပ်နယ်ပယ်များကို သင်ကြားပို့ချ လျက်ရှိပါသည်။ယခုအချိန်အထိ B.BSc (SEM) ဘွဲ့ရ (၂၁၁) ဉီး၊ PGDSEM ဘွဲ့ရ (၅၇) ဦးနှင့် မဟာဘွဲ့ရ(၃၄)ဉီးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် သမဝါယမပညာဌာနသည် လူ့စွမ်းအားအရင်းအမြစ် သင်တန်းတစ်ခုဖြစ်သည့် စွန့်ဦးတီထွင်မှုနှင့် အသေးစားစီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ဒီပလိုမာသင်တန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ် ရေးဆွဲလျက်ရှိပါသည်။