၁၉၉၆ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်း (စစ်ကိုင်း)ကို သမဝါယမကောလိပ် အဖြစ် မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး ဝါဏိဇ္ဇဗေဒဘာသာရပ်များကို စတင်သင်ကြားခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ထိုအချိန်မှစ၍ ဝါဏိဇ္ဇဗေဒဌာနကို သီးသန့်ထားရှိပြီး ဝါဏိဇ္ဇဗေဒဘာသာရပ်များကို ဆက်လက်သင်ကြား ခဲ့ပါသည်။ ဝါဏိဇ္ဇဗေဒဌာန၏ ပညာရေးအစီအစဉ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား /ကျောင်းသူများကို မွေးထုတ်ပေးခြင်းဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။
စီးပွားရေးနှင့် ပတ်သက်သော နယ်ပယ်များတွင် အသိပညာနှင့် ကျွမ်းကျင်မှု ပြည့်ဝသော ဘွဲ့ရများနှင့် အကောင်းဆုံး လေ့လာသင်ယူပြီး သုတေသန အတွေ့အကြုံများရှိသော ဘွဲ့ရ ပညာတတ်များ မွေးထုတ်ပေးရန် ဖြစ်ပါသည်။
ကောင်းမွန်ပြည့်စုံသော အသိအမှတ်ပြု ကူးသန်းရောင်းဝယ်ရေးပညာများ ဖြန့်ဝေပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ အဆင့်မြင့်ပညာများလေ့လာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားပြည့်ဝသော ကျောင်းသား/ ကျောင်းသူများ ပြုစုပျိုးထောင်ပေးရန်။
ကူးသန်းရောင်းဝယ်ရေးပညာသည် စီပွားရေးလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းတို့တွင် ပါဝင်ဆောင်ရွက်နေသော မည်သည့်ကဏ္ဍအတွက်မဆို အကျိုးကျေးဇူးနှင့် ပေးဆပ်ရသည့် တန်ဖိုးအား ချင့်ချိန်နိုင်သော အသိပညာကို မြှင့်တင်ပေးရန် ဦးတည်ပါသည်။