စီမံခန့်ခွဲရေးဌာနတွင် ဌာနခွဲ(၃)ခုနှင့် ဌာနစု(၁၀)ခု ရှိပါသည်။ ဌာနခွဲ တစ်ခုချင်းအလိုက် လုပ်ငန်း တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။
ဝန်ထမ်းခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားခံစားခြင်း၊ ဌာနပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခြင်း၊ ခွင့်အမျိုးမျိုးခံစားခြင်း၊ အပြစ်ပေး အရေးယူခြင်းဆိုင်ရာကိစ္စများ၊ နှစ်တိုး ဆိုင်ရာများ၊ ဝန်ထမ်းအင်အား စာရင်းပြုစုခြင်း၊ ဝန်ကြီးဌာန/တိုင်းဒေသကြီးသို့ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာများ ပေးပို့ခြင်း၊ ဆုတံဆိပ်ချီးမြှင့်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ ပညာသင်ကြားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အိမ်ရာ/အဆောင် နေရာချထား ခြင်း ဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ အစည်းအဝေးများအားလုံးကို မှတ်တမ်းတင် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးရပါသည်။
တက္ကသိုလ်ကျောင်းဝင်းအတွင်း လုံခြုံရေးတာဝန်ချထားခြင်း၊ ကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တက္ကသိုလ်စိမ်းလန်းစိုပြေရေးအတွက် နှစ်ရှည်/နှစ်တို အလှပန်းပင်များစိုက်ပျိုးခြင်း၊ ကျင်းပသည့် အခမ်းအနားအမျိုးမျိုး နှင့် စာမေးပွဲခန်းများ အတွက် ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးရပါသည်။
အင်ဂျင်နီယာဌာနခွဲတွင် ဌာန(၄)ခုအနေဖြင့် မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ ရေသန့်အင်ဂျင်နီယာဌာန၊ စတိုအင်ဂျင်နီယာဌာနတို့ရှိပါသည်။ အင်ဂျင်နီယာဌာနအနေဖြင့် အဆောက် အဦများ၊ လမ်းများ၊ တံတားများတည်ဆောက်ခြင်းနှင့်ပြုပြင်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ရေပိုင်းဆိုင်ရာ လုပ်ငန်းများတပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်း၊ ပရိဘောဂလုပ်ငန်းများ ပုံစံထုတ်ခြင်းနှင့် ပြုပြင်ခြင်း တို့အတွက် ခန့်မှန်းတွက်ချက်ခြင်း၊ ပုံဆွဲခြင်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ နေ့စဉ်စစ်ဆေးခြင်း၊ လျှပ်စစ်အသုံးပြုပစ္စည်းများကို အပတ်စဉ်စစ်ဆေးခြင်း၊ ရေသန့်စက်မှ နေ့စဉ် ရေပေးဝေခြင်းများ ဆောင်ရွက်ခြင်း၊ ရေပေးဝေခြင်းနှင့် ဆက်စပ်သည့် ပစ္စည်းများကို အပတ်စဉ် စစ်ဆေးခြင်း၊ လိုအပ်ပါက ပြုပြင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းသုံး(ရုံး၊ ကျောင်း၊ လုပ်ငန်း) ပစ္စည်းများအား ထုတ်ပေး ပြေစာဖြင့် စနစ်တကျထုတ်ပေးခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ကျောင်းပိုင်ပစ္စည်းများအား စာရင်းနှင့် မြေပြင်ကိုက်ညီမှုရှိရေး ထိန်းသိမ်းခြင်း၊ နှစ်ချုပ်ပစ္စည်းစာရင်းပြုစုခြင်း၊ ပစ္စည်းများလုံခြုံရေးနှင့် ပျောက်ရှမှု မရှိစေရေး၊ အလေအလွင့်မရှိစေရေး စီစဉ်ဆောင်ရွက်ခြင်း၊ အပတ်စဉ်စတိုပိုင်းဆိုင်ရာ စစ်ဆေးမှုများဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။